• Enter Slide 1 Title Here

    This is slide 1 description. Go to Edit HTML of your blogger blog. Find these sentences. You can replace these sentences with your own words.

  • Enter Slide 2 Title Here

    This is slide 2 description. Go to Edit HTML of your blogger blog. Find these sentences. You can replace these sentences with your own words.

  • Enter Slide 3 Title Here

    This is slide 3 description. Go to Edit HTML of your blogger blog. Find these sentences. You can replace these sentences with your own words.

Showing posts with label iPhone. Show all posts
Showing posts with label iPhone. Show all posts

Saturday, 2 April 2016

Second hand IDevice

“Second Hand IDevice တစ်ခုကို ဝယ်တော့မယ်ဆို”

ပြည်တွင်းရဲ့ iphone ဈေးကွက်အခြေအနေကို လေ့လာကြည့်မယ်ဆိုလျှင်တော့ iphone တွေဟာ ဟိုးအရင် ကတည်းက အသုံးပြုပြီးသား Handset တွေကို တဆင့်ပြန်လည်ရောင်းချတဲ့ Use ဈေးကွက်က ပြည်တွင်းမှာ ရှိနေခဲ့ပါတယ်။ ဒါ့အပြင် အသုံးပြုသူအချင်းချင်းကလည်း အသုံးပြုပြီးသား Handset တွေကို ပြန်လည်ရောင်းချတာမျိုး ၊ဝယ်ယူတာမျိုးတွေရှိနေ ပါတယ်။တချို့ကတော့ ပြည်ပကနေ အသိမိတ်ဆွေတွေဆီက တိုက်ရိုက် မှာယူအသုံးပြုကြတာမျိုးတွေလည်းရှိပါတယ်။ ဒီလိုမျိုးအသုံးပြုမှုတွေဟာ တစ်ချိန်တစ်ခါတုန်းကတော့ သိသာထင်ရှားတဲ့ ပြသနာသိပ်မရှိခဲ့ပေမဲ့ အခုအချိန်မှာတော့ Iphone တွေကို ဒီလိုမျိုး တစ်ယောက်လက်ကနေတစ်ယောက် တဆင့်ပြန်လည်ဝယ်ယူအသုံးပြုနေကာ ဈေးကွက်ထဲမှာရှိပြီးသား ဈေးနှုန်းသက်သာတဲ့iphone use တွေကို ပြန်လည် ဝယ်ယူအသုံးပြုခြင်းတွေဟာ ကိုယ့်အတွက် အမှတ်မထင်ပြသနာမျိုးတွေ ကို ဖန်တီးလာနိုင်မယ်ဆိုတာ ယခုအချိန်မှာ အသုံးပြုသူတွေဟာ သိထားသင့်ပါပြီ ။ဒါ့အပြင် ဖုန်းအသစ်ကို ကိုင်တွယ် အသုံးပြုသူတွေ အနေနဲ့လည်း ကိုယ်အသုံးပြုနေတဲ့ Apple ရဲ့ လုံခြုံရေးစနစ်တွေကို သိထားသင့်ပါပြီ။
Iphone တွေဟာ ခုချိန်မှာ နည်းပညာပိုင်းတွေ တစ်စထက်တစ်စ မြင့်မားလာနေခဲ့ပြီဖြစ်တဲ့အတွက် ဖုန်းရဲ့ လုံခြုံရေးအတွက် ပြုလုပ်ထားတဲက Security စနစ်တွေဟာလည်း တစ်စထက်တစ်စ ပိုမိုများပြားနေခဲ့တာကို မြင်တွေ့ရမှာဖြစ် ပါတယ်။ ဒါ့အပြင် Apple ကနေ အသစ်ထွက်လာတဲ့ IOS တွေဟာ အဆင့်မြင့်မားလာခဲ့ပြီး Iphone တွေမှာ အသုံးပြုထားတဲ့ Chip တွေ နဲ့ OS တွေရဲ့ တွဲဖက်လုပ်ဆောင်ပုံတွေဟာလည်း ပိုမိုတိကျကောင်းမွန်လာတာကိုလည်း အသုံးပြုသူတွေအနေနဲ့ ဂရုပြုသင့်ပါတယ်။
ဘာကြောင့်များ ဒီလိုမျိုးတွေ ဖြစ်လာရသလဲဆိုတာကို လေ့လာကြည့်မယ်ဆိုရင်တော့ ဒါဟာ IOS 7 စတင် ထွက်ရှိခဲ့တဲ့ အချိန်ကစတင်တယ်လို့ ဆိုရပါလိမ့်မယ်။ IOS 7 ထွက်လာတဲ့အချိန်မှာ ပြည်တွင်းမှာရှိနေတဲ့ Iphone တော်တော်များများမှာ အခက်အခဲတွေဖြစ်ပေါ်လာခဲ့ပြီး တချို့ဖုန်းတွေဟာ အကောင်းကနေ လုံးဝသုံးမရတဲ့ အခြေအနေအထိ ဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်တွေရှိနေခဲ့ပါတယ် ။
ဒါဟာဘာကြောင့်လဲဆိုတော့ ပြည်တွင်းမှာ ရှိနေတဲ့ Iphone အသုံးပြုသူတချို့ဟာ Apple ရဲ့ Icloud စနစ် ကို ပေါ့ဆစွာ အသုံးပြုနေကြခြင်းကြောင့်ဖြစ်ပေါ်လာခဲ့ရတာ ဖြစ်ပါတယ်။ iCloud အကောင့်ကို အသုံးပြုရာမှာ ပြည်တွင်းက အသုံးပြုသူတချို့ဟာ iCloud နဲ့ Find My iPhone ကို ဖွင့်တဲ့အခါမှာ ကိုယ်အမြဲသုံးနေတဲ့ Email အကောင့်နဲ့ ဖွင့်ထားတဲ့ iTunes အကောင့်မဟုတ်ပဲ တခြားသူတစ်ယောက် လုပ်ပေးတာမျိုး ဒါမှမဟုတ် ဆိုင်ကနေအလွယ်တကူဖွင့်ပေးလိုက်တဲ့ အကောင့်မျိုးတွေနဲ့ အသုံးပြုနေကြတာကို မြင်တွေ့ရပါတယ်။ ဒါတွေဟာ ခုအချိန်မှာ အန္တရာယ် ရှိလာပါပြီ။ ဒါ့အပြင် တချို့ဟာ iCloud အကောင့်ကို အသုံးပြုပြီး အချိန်မှာ Log Out မလုပ်ပဲ Log Move လို့ခေါ်တဲ့ တိုက်ရိုက်ထွက်လာတဲ့ စနစ်မျိုးကို အလွယ်တကူ အသုံးပြုတတ်ကြပါတယ် ။ ဒါတွေကိုလည်း ရှောင်ကြဉ် သင့်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ စနစ်မျိုးတွေနဲ့ အသုံးပြုခဲ့တဲ့ Device တွေဟာ IOS7 ကို ဗားရှင်းမြှင့်တင်ချိန်မှာ ပြသနာဖြစ်လာပါလိမ့်မယ် ။ ဘာကြောင့်လဲဆိုရင်တော့ IOS 7 ကို ဗားရှင်းမြှင့်တင်လိုက်တဲ့အချိန်မှာ Firmware Restore, Firmware Update ပြုလုပ်ပြီး အချိန်မှာ Apple ID လို့ခေါ်တဲ့ iTunes အကောင့် ကို စတောင်းပါတော့တယ်။ အဲဒီလိုမျိုး အကောင့်ကို တောင်းချိန်မှာ ကိုယ်က အကောင့်ကို မသိတာဖြစ်ဖြစ် ၊မမှတ်မိတော့တာ ဖြစ်ဖြစ်ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အကောင့်ကို မဖြည့်နိုင်ဘူးဆိုလျှင်တော့ ဒါဟာ ဖုန်းပျက်ဖို့ အကြောင်းအရင်းစတင်လာပါပြီ။ တချို့တွေဆို ဆိုင်မှာ ဗားရှင်းသွားမြှင့်တာ ဖုန်းကပျက်သွားတယ်ဆိုတဲ့ ထင်မြင်ချက်မျိုးတွေတောင် ဖြစ်လာတာမြင်ဖူးပါတယ်။ ဒါ့ကြောင့် Apple ID ဟာ Apple Device တစ်ခုအတွက် အသက်လို့တောင် ပြောလို့ရနေပါပြီ။ အကောင့်မမှတ်မိတော့ဘူးဆိုလျှင်တော့ Activation Stage ဖြစ်တဲ့နေရာကနေ ဖုန်းက ဆက်ပြီးတော့ OS တက်လာမှာ မဟုတ်တော့ပါဘူး ။ခုလက်ရှိလည်း Actviation Stage ကို ကျော်နိုင်တဲ့ Solution တွေ မရှိသေးတဲ့ အတွက် ဒီလိုမျိုးအကောင့် မသိတော့ဘူး၊ မဖြည့်နိုင်တော့ဘူး ဆိုရင်တော့ ဒီဖုန်းဟာ ရပ်တန့်သွားပါပြီ။ ဒါဟာ ယခုအချိန်မှာ အခက်အခဲ တစ်ခု အခြေအနေမျိုးမဟုတ်ပဲ သတိထားပြီး ဂရုစိုက် ရမည့်အခြေအနေ မျိုးမှာရှိနေပါတယ် ။ ဒါကြောင့် ကိုယ်အသုံးပြုနေတဲ့ Device ရဲ့ Account နဲ့ ID ကို မသိဘူးဆိုရင် တော့ IOS 7 ကို ဗားရှင်းမမြှင့်လိုက်ပါနဲ့ ။ဒါ့အပြင် တခြား ပြင်ပကနေ အသုံးပြုပြီးသား ဖုန်းတွေကို တစ်ဆင့်ပြန်လည်ဝယ်ယူ အသုံးပြုတော့မယ် ဆိုရင်လည်း ဒါတွေကို သေသေချာချာစစ်ဆေးမေးမြန်းပြီးမှပဲ ဝယ်ယူသင့်ပါတယ်။ ကိုယ်က Use ဖုန်းတစ် လုံးကို ဝယ်တော့မယ်ဆိုရင် ပြည်ပကနေ Activate လုပ်လာပြီးသားဖုန်းတစ်လုံးကို မှာယူအသုံးပြုတော့မယ်ဆိုရင်ပဲဖြစ်ဖြစ် အဓိက အရေးကြီးတဲ့အချက်က Icloud, Itunes Account နဲ့ Apple ID ဆိုတဲ့အရာတွေ ဒါမှမဟုတ် itune account ကို ပြုလုပ်ခဲ့တဲ့ Gmail (or) Email နဲ့ Password တွေကို သိထားဖို့လိုအပ်ပါတယ် ။ ဒါ့အပြင် ပုံမှန်အသုံးပြုနေသူ တွေ အနေနဲ့လည်း အကောင့်နဲ့ Password ကို ဂရုစိုက်ပြီး အသုံးပြုသင့်ပါတယ်။ IOS ဟာ ခုအချိန်မှာ 7.1 အထိ ရှိနေခဲ့ပြီဖြစ်တဲ့ အတွက် 7 ရဲ့ အောက်က ဗားရှင်းသမားတွေရော IOS 7 ကနေ စတင်ပြီး ဗားရှင်းမြှင့်မယ် သူတွေပါ ဒါကို ဂရုစိုက်သင့်ပါတယ်။ Use တွေကို ဝယ်တော့မယ်ဆိုလျှင်လည်း အကောင့်တွေကို မေးထားသင့်ပါတယ်။ 

Thursday, 24 March 2016

iPhone earphone

iPhone နားကြပ်မှလုပ်ဆောင်ပေးနိုင်သော သုံးစွဲသူများသိပ်မသိသေးသည့် အချက် (၇) ချက်
----------------------------
iPhone နားကြပ်မှာပါဝင်တဲ့ခလုတ်လေးသုံးခုက လုပ်ဆောင်ပေးနိုင်တဲ့အချက်တွေထဲက သုံးစွဲသူများသိပ်မသိသေးသည့် အချက်လေးတွေကိုရွေးချယ်ဖော်ပြပေးလိုက်ရပါတယ်။
- သီချင်းနားထောင်နေစဉ် နားကြပ်တွင်ပါဝင်သော Control Button သုံးခုအနက် အလယ်မှခလုတ်ကို နှစ်ချက်ဆက်တိုက်နှိပ်ပါက....
ဆက်လက်ဖတ်ရှုရန်- http://www.myanmarmobileapp.com/?p=57615
Thet Naing Soe (Myanmar Mobile App)
https://www.facebook.com/thetnaing.mmas

iPhone's carrier စိတ်ကြိုက်ပြင်နည်း

Iphone အတွက် Carrier စိတ်ကြိုက်ပြင်နည်း 


IOS  ကိုင်သူငယ်ချင်းတွေ  အတွက်ပါ ဖုန်း  Carrier Name နဲ့ logo ပုံကို

ကိုယ်စိတ်ကြိုက်ပြင်ချင်သူတွေ  အတွက်ပါ   ပထမဆုံး    Photoshop ကို

ဖွင့်ပါ File...New ဖွင့်ပါ   Width ကို 70   ထားပါ Height  ကို 20 ထားပါ

နောက်တစ်ခုထက်ဖွင့်ပါ Width ကို 130  ထားပါ  Height ကို 40 ထားပါ

ကိုယ် ထည့်ချင်တဲ့ logo ကို  File ,open ကနေထည့်လိုက်ပါ ပီးရင် ကိုယ်ထည့်

ချင်တဲ့ပုံကို ကျနော်ကတော့ Magic Wand Tool နဲ့ ယူထားပါတယ် ပီးရင်

Edit  ကိုနှိပ်ပီး Copy  လုပ်လိုက်ပါ  အပေါ်ကဖွင့်ခဲ့တဲ့  အကွက်ဆီကိုသွား

Edit  နှိပ်ပီး  Paste  နှိပ်လိုက်ပါ ပီးရင်   Free Transform  ကိုနှိပ်လိုက်ပါ

အတိုကောက် Ctrl+T    ကိုနှိပ်လည်းရပါတယ် ကိုထည့်ချင်သလို  ချိန်ပီး

ထားလိုက်ပါ     ပီးရင်   ကိုကြိုက်နှစ်သက်ရာ  နာမည်ရေး  ထည့်လိုက်ပါ

သေချာချိန်ပီးထားလိုက်ပါ      Background    Layer ကို  မျက်လုံးလေး

ဖြုတ်လိုက်ပါ ဒါဆို  save လို့ရပါပီး dasktop ပေါ်မှာ  ဖိုင်တစ်ခုဖွင့်ထားပါ

File   ကိုနှိပ်ပီး  Save ကိုနှိပ်ပါ  Photo Format   ကို   PNG ကိုပဲထားပါ

File Name ကို black,etched,silver ပုံသုံပုံ save လိုက်ပါ ဒါက 70=20

အတွက်ပါ 130=40 ကိုလည်းထက်ပီးသုံးပုံ save လုပ်ပါမယ် black@2x

etched@2x       silver@2x       လို့နာမည်ပေးပီး save လိုက်ပါ ပီးရင်

ကိုထည့်ထားတဲ့ဖိုင်ကို   copy  ကူလိုက်ပါ ကျနော်ကတော့ Itool ကနေ

ပဲထည့်လိုက်ပါတယ်  Itool  ကိုဖွင့်ပါ  file system ကိုနှိပ်လိုက်ပါ ပီးရင်

filesystem (Jailbreak )   ကိုထက်နှိပ်ပါ   ပီးရင်    Library  ကိုနှိပ် ပီး

Zeppelin ထဲကိုဝင်ပီး paste    ရိုက်ချလိုက်ပါ ပီးရင်   ဖုန်း    Settings

ထဲကိုဝင်ပီး    Zeppeli   ကိုသွားလိုက်ပါ  Theme ထဲမှာရောက်နေတာ

တွေ့ရမှာပါ အမှန်ခြစ်ပေးပီး Theme အထက် off   ထားတာကို    on

ပေးလိုက်ရုံပါပဲ   အားလုံပဲအဆင်ပြေကျပါစေ