• Enter Slide 1 Title Here

    This is slide 1 description. Go to Edit HTML of your blogger blog. Find these sentences. You can replace these sentences with your own words.

  • Enter Slide 2 Title Here

    This is slide 2 description. Go to Edit HTML of your blogger blog. Find these sentences. You can replace these sentences with your own words.

  • Enter Slide 3 Title Here

    This is slide 3 description. Go to Edit HTML of your blogger blog. Find these sentences. You can replace these sentences with your own words.

Saturday, 2 April 2016

iPhone reset

ios အကြောင်းနှင့်ပက်သက်၍ ကျနော်လေ့လာမိသလောက်မျှဝေခြင်း (၅)
iPhone တစ်လုံးအား Reset ပြုလုပ်ခြင်း

အကြောင်းတစ်ခုခုကြောင့် သင့် iPhone ကိုတခြားတစ်ယောက်ယောက်ကိုရောင်းချင်တဲ့အခါ
သင့်ဒေတာတွေကို တခြားသူအသုံးမပြုနိုင်အောင်ဖျက်ချင်လို့ဖြစ်ဖြစ်
App တွေ tweak တွေက အလုပ်ပုံမှန် မလုပ်ပဲ ဂေါက်ထနေမယ်
ဖုန်းကသုံးရတာ အရမ်းလေးလာမယ် စတဲ့
ပြသနာတွေဖြစ်လာခဲ့တာမျိုး ကြုံရတဲ့အခါမှာဖြစ်ဖြစ်
သင့်ဖုန်းကို reset ချပေးဘို့ လိုအပ်ကောင်းလိုအပ်လာပါလိမ့်မယ်...
ဒါကြောင့် ဖုန်း Setting ကနေ Reset ချနည်းကို ဒီအပိုင်းမှာမျှဝေပေးလိုက်ပါတယ်

သင့်ရဲ့  iPhone Setting>General>Reset ကိုနှိပ်လိုက်ရင်အောက်ပါအတိုင်း

- Reset All Settings
- Erase All Content and Settings
- Reset Network Settings
- Reset Keyboard Dictionary
- Reset Home Screen Layout
- Reset Location & Privacy ဆိုပြီး Reset ပြုလုပ်ပုံ ၆ မျိုးတွေ့ရမှာပါ။
ပုံမှာလည်းပြထားပါတယ်။

တစ်မျိုးစီကိုဆက်ပြီး လေ့လာကြည့်ရအောင်...

Reset All Settings
.........................
ူ Setting ထဲမှာရှိတဲ့ WiFi, Bluetooth, Do No Disturb, Notifications,
General, Sounds, Wallpaper & Brightness, နှင့် Privacy စတဲ့လုပ်ဆောင်ချက်အားလုံးကို
မူလအတိုင်းပြန်ဖြစ်အောင် reset ပြုလုပ်ပေးသွားမှာပါ။
Setting ကိုသာ reset ပြုလုပ်သွားမှာဖြစ်တဲ့အတွက် သင့်ဖုန်းအတွင်းရှိ Data & Media တွေဖြစ်တဲ့
ဓါတ်ပုံ၊ဗီဒီယိုနှင့်သီချင်းများကိုတော့ ထိခိုက်မှာမဟုတ်ပါဘူး။
သင့်ဖုန်း Setting အားကလိမိပြီး ပြန်မလုပ်တတ်ပဲပြသနာရှိလာပါက
နဂိုအတိုင်းပြန်ဖြစ်စေချင်ရင် Reset All Settings ဖြင့် reset ပြုလိုက်နိုင်ပါတယ်။

မှတ်ချက်။ ။ Reset All Settings ကိုအသုံးပြုမယ်ဆိုနှိပ်လိုက်ပါ ပုံထဲကလိုအနီရောင်စာသားနဲ့
တက်လာပါမယ် မစိုးရိမ်ပါနဲ့ သင်ကိုသေချာအောင်ထပ်မေးတာပါ Reset All Settings ကိုသာထပ်မံနှိပ်ပေးလိုက်ပါ..
ခဏစောင့်ပေးပါ Reboot လုပ်ပြီးပြန်တက်လာရင် Reset လုပ်ခြင်းပြီးဆုံးပါပြီ။

Erase All Content and Settings
...........................................
ူ ဒီ Reset ကတော့အန္တရယ်ဖြစ်စေနိုင်တဲ့ reset မျိုးပါ
တကယ့်တကယ်လိုအပ်မှသာသုံးရန်တိုက်တွန်းလိုပါတယ်။
အထူးသတိပေးချင်တာကတော့ lock phone တွေကို Software Unlocked ပြုလုပ်ထားတဲ့ ဖုန်းများ
xxxx လုံးဝလုံးဝ မသုံးပါနှင့်။ xxxx
သုံးခဲ့မယ်ဆိုရင် သင့်ဖုန်းကို service ဆိုင်သို့ပို့ပြီး unlock ပြန်လုပ်ရမှာဖြစ်တဲ့အတွက်ငွေကုန်များပါမယ်။
သင့်ဖုန်းက lock phone လား unlocked လားသိချင်ရင်
http://iphoneimei.info/ မှာ imei number ရေးပြီးကြည့်ပါ။
ဒီအကြောင်းကို အပိုင်း(၄)မှာ ကျနော်အကျဉ်းရေးထားပေးပါတယ်
နားမလည်ပါက အောက်ကလင့်ခ်မှာသွားရောက်ဖတ်ရှုပါ
https://www.facebook.com/maungsssk/photos/np.139179198.100000111833187/448511551946600/?type=1&notif_t=notify_me

မှတ်ချက်။ ။Reset မလုပ်မီ iCloud , iTunes ဖြင့် Backup မဖြစ်မနေလုပ်ထားပါ။
Erase All Content and Setting ကိုအသုံးပြုမယ်ဆို နှိပ်လိုက်ပါ အပေါ်ကပြောခဲ့သလိုပဲ
သတိပေးစာသားပေါ်လာပါမယ် Erase iPhone ကိုပဲနှိပ်ပေးလိုက်ပါ
Reboot ကျပြီးပြန်တက်လာပါက Home Screen ကိုမြင်ရမည်မဟုတ်ပဲ Restore Mode ကိုသာမြင်တွေ့ရမှာပါ
iTunes နှင့်ချိတ်ဆက်ပြီး နောက်ဆုံး ios version ကို update လုပ်ပေးရပါလိမ့်မည်။ ထိုသို့ update လုပ်ပြီးမှသာ
Home Screen ကိုမြင်တွေ့ရမှာပါ ဖုန်းထဲမှာရှိတဲ့အရာအားလုံးကိုဖျက်ပစ်လိုက်ပြီး
အသစ်တစ်လုံးကဲ့သို့ပြန်ဖြစ်စေတဲ့အတွက် သင်သာ BackUp မလုပ်ထားခဲ့လျှင် သင့်ရဲ့  Data & Media တွေကို
ပြန်လည်ရရှိတော့မှာ မဟုတ်ပါဘူး။

Reset Network Settings
..................................
ဒီ reset ကတော့ ဖုန်းရဲ့  အင်တာနက်ဆက်သွယ်မှုနဲ့ဆိုင်တဲ့ wifi , network တွေကိုမူလနဂိုအတိုင်းပြန်ဖြစ်အောင်
လုပ်ဆောင်ပေးမှာပါ။ ဒါကတော့ သိပ်ပြီးထွေထွေထူးထူးပေးစရာမှတ်ချက်မရှိပါဘူး ။

Reset Keyboard Dictionary
.....................................
ဒီ reset ကိုတော့ Autocorrect feature ကိုသုံးတဲ့အခါ keyboard dictionary က
အမှန်ကိုမဖော်ပြတော့တဲ့အခါမျိုးဆိုသုံးလို့ရပါတယ် Autocorrect feature ဆိုတာက ကျနော်တို့ ကီးဘုတ်ကနေ
စာရိုက်လိုက်တဲ့အခါ စာလုံးသတ်ပုံမှားခဲ့ရင် custom dictionary ကအလိုလျောက်သိပြီး
အမှန်ဖြစ်နိုင်မဲ့စာလုံးကိုပြင်ပေးတာမျိုးပါ ကျနော်ကတော့ အာရုံနောက်လို့မသုံးပါဘူး ပိတ်ထားပါတယ်။
အဖွင့်ပိတ်လုပ်ချင်ရင် Settings>General>Keyboard> မှာ
Auto-Capitalization
Auto-Correction
Check Spelling စသည်တို့ကိုလိုအပ်သလို ပိတ်ဖွင့်လုပ်လို့ရပါတယ်။

Reset Home Screen Layout
.......................................
သင့်ဖုန်းကို စသုံးခါစမှာတော့ ဖုန်းမှာပါလာတဲ့ App တွေပဲရှိပါတယ်။
သင်လိုချင်တဲ့ App & Game တွေ ထည့်ပါများလာပြီး ဟိုရွေ့ ဒီရွေ့ လုပ်တော့ မူလရှိနေတဲ့ App တွေက
ရောက်ချင်တဲ့နေရာရောက်နေမယ် အဲဒါကို သင်က မူလနေရာအတိုင်းပြန်ရှိစေချင်တယ်ဆိုရင်
ယခုဖော်ပြတဲ့ reset ကိုအသုံးပြုပြီး စေခိုင်းနိုင်ပါတယ်။

Reset Location & Privacy
...................................
ခေါင်းစဉ်မှာပါတဲ့အတိုင်းပဲ Location နဲ့ Privacy setting ကို reset လုပ်ပစ်မှာပါ
ရလာမဲ့အကျိုးဆက်ကတော့ Setting>Privacy ထဲကိုဝင်ကြည့်ပါ Location Services ပိတ်နေတာကိုတွေ့မှာပါ
Find My iPhone သည်လည်းပိတ်သွားမှာဖြစ်တဲ့အတွက် သင့်ဖုန်းတည်နေရာကို ရှာမရနိုင်တော့ပါ။

ကလိချင်တာဖြစ်ဖြစ် စမ်းသပ်ချင်တာဖြစ်ဖြစ် မိမိဖုန်းအား အရင်ဆုံး back up လုပ်ထားဘို့ မမေ့ပါနဲ့။
back up လုပ်မတတ်လျှင် အပိုင်း (၂) မှာကျနော်ရေးထားပေးပါတယ် အောက်ကလင့်ခ်နှိပ်ပြီးလေ့လာနိုင်ပါတယ်။
https://www.facebook.com/maungsssk/photos/a.202447283219696.47609.146522682145490/447721865358902/?type=1&relevant_count=1

အပိုင်း (၃) မှာတော့ Jailbreak လုပ်နည်းကိုရေးထားပေးပါတယ် မဖတ်ရသေးဘူး ပြန်ဖတ်ချင်တယ်ဆိုရင်
အောက်ကလင့်ခ်မှာသွားရောက်ဖတ်ရှုပါ ..
https://www.facebook.com/maungsssk/photos/a.202447283219696.47609.146522682145490/448131155317973/?type=1&theater

ဒီအကြောင်းအရာများကို ကျနော်ဖတ်ဖူးလေ့လာဖူးသမျှထဲက ဥာဏ်မီသလောက်ပြန်လည်ရေးသားထားခြင်း
ဖြစ်ပါတယ် ကိုယ်တိုင်စမ်းသပ်ပြီးမှသိတာမဟုတ်ပါဘူး ရှေ့ ကဆရာတွေရဲ့ နည်းလမ်းတွေကို
လေ့လာသိရှိသလောက်ပြန်လည်မျှဝေပေးတာဖြစ်တဲ့အတွက် လိုအပ်သည်များရှိပါက
နားလည်ခွင့်လွှတ်ပေးပါ ကျနော့်ထက်တတ်ကျွမ်းသူများ ကျနော့်အမှားအား အကြံပေးမှုနှင့် ကျိုးကြောင်းမှန်ကန်ဝေဖန်မှုကို လေးစားစွာလက်ခံပါသည်။

Second hand IDevice

“Second Hand IDevice တစ်ခုကို ဝယ်တော့မယ်ဆို”

ပြည်တွင်းရဲ့ iphone ဈေးကွက်အခြေအနေကို လေ့လာကြည့်မယ်ဆိုလျှင်တော့ iphone တွေဟာ ဟိုးအရင် ကတည်းက အသုံးပြုပြီးသား Handset တွေကို တဆင့်ပြန်လည်ရောင်းချတဲ့ Use ဈေးကွက်က ပြည်တွင်းမှာ ရှိနေခဲ့ပါတယ်။ ဒါ့အပြင် အသုံးပြုသူအချင်းချင်းကလည်း အသုံးပြုပြီးသား Handset တွေကို ပြန်လည်ရောင်းချတာမျိုး ၊ဝယ်ယူတာမျိုးတွေရှိနေ ပါတယ်။တချို့ကတော့ ပြည်ပကနေ အသိမိတ်ဆွေတွေဆီက တိုက်ရိုက် မှာယူအသုံးပြုကြတာမျိုးတွေလည်းရှိပါတယ်။ ဒီလိုမျိုးအသုံးပြုမှုတွေဟာ တစ်ချိန်တစ်ခါတုန်းကတော့ သိသာထင်ရှားတဲ့ ပြသနာသိပ်မရှိခဲ့ပေမဲ့ အခုအချိန်မှာတော့ Iphone တွေကို ဒီလိုမျိုး တစ်ယောက်လက်ကနေတစ်ယောက် တဆင့်ပြန်လည်ဝယ်ယူအသုံးပြုနေကာ ဈေးကွက်ထဲမှာရှိပြီးသား ဈေးနှုန်းသက်သာတဲ့iphone use တွေကို ပြန်လည် ဝယ်ယူအသုံးပြုခြင်းတွေဟာ ကိုယ့်အတွက် အမှတ်မထင်ပြသနာမျိုးတွေ ကို ဖန်တီးလာနိုင်မယ်ဆိုတာ ယခုအချိန်မှာ အသုံးပြုသူတွေဟာ သိထားသင့်ပါပြီ ။ဒါ့အပြင် ဖုန်းအသစ်ကို ကိုင်တွယ် အသုံးပြုသူတွေ အနေနဲ့လည်း ကိုယ်အသုံးပြုနေတဲ့ Apple ရဲ့ လုံခြုံရေးစနစ်တွေကို သိထားသင့်ပါပြီ။
Iphone တွေဟာ ခုချိန်မှာ နည်းပညာပိုင်းတွေ တစ်စထက်တစ်စ မြင့်မားလာနေခဲ့ပြီဖြစ်တဲ့အတွက် ဖုန်းရဲ့ လုံခြုံရေးအတွက် ပြုလုပ်ထားတဲက Security စနစ်တွေဟာလည်း တစ်စထက်တစ်စ ပိုမိုများပြားနေခဲ့တာကို မြင်တွေ့ရမှာဖြစ် ပါတယ်။ ဒါ့အပြင် Apple ကနေ အသစ်ထွက်လာတဲ့ IOS တွေဟာ အဆင့်မြင့်မားလာခဲ့ပြီး Iphone တွေမှာ အသုံးပြုထားတဲ့ Chip တွေ နဲ့ OS တွေရဲ့ တွဲဖက်လုပ်ဆောင်ပုံတွေဟာလည်း ပိုမိုတိကျကောင်းမွန်လာတာကိုလည်း အသုံးပြုသူတွေအနေနဲ့ ဂရုပြုသင့်ပါတယ်။
ဘာကြောင့်များ ဒီလိုမျိုးတွေ ဖြစ်လာရသလဲဆိုတာကို လေ့လာကြည့်မယ်ဆိုရင်တော့ ဒါဟာ IOS 7 စတင် ထွက်ရှိခဲ့တဲ့ အချိန်ကစတင်တယ်လို့ ဆိုရပါလိမ့်မယ်။ IOS 7 ထွက်လာတဲ့အချိန်မှာ ပြည်တွင်းမှာရှိနေတဲ့ Iphone တော်တော်များများမှာ အခက်အခဲတွေဖြစ်ပေါ်လာခဲ့ပြီး တချို့ဖုန်းတွေဟာ အကောင်းကနေ လုံးဝသုံးမရတဲ့ အခြေအနေအထိ ဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်တွေရှိနေခဲ့ပါတယ် ။
ဒါဟာဘာကြောင့်လဲဆိုတော့ ပြည်တွင်းမှာ ရှိနေတဲ့ Iphone အသုံးပြုသူတချို့ဟာ Apple ရဲ့ Icloud စနစ် ကို ပေါ့ဆစွာ အသုံးပြုနေကြခြင်းကြောင့်ဖြစ်ပေါ်လာခဲ့ရတာ ဖြစ်ပါတယ်။ iCloud အကောင့်ကို အသုံးပြုရာမှာ ပြည်တွင်းက အသုံးပြုသူတချို့ဟာ iCloud နဲ့ Find My iPhone ကို ဖွင့်တဲ့အခါမှာ ကိုယ်အမြဲသုံးနေတဲ့ Email အကောင့်နဲ့ ဖွင့်ထားတဲ့ iTunes အကောင့်မဟုတ်ပဲ တခြားသူတစ်ယောက် လုပ်ပေးတာမျိုး ဒါမှမဟုတ် ဆိုင်ကနေအလွယ်တကူဖွင့်ပေးလိုက်တဲ့ အကောင့်မျိုးတွေနဲ့ အသုံးပြုနေကြတာကို မြင်တွေ့ရပါတယ်။ ဒါတွေဟာ ခုအချိန်မှာ အန္တရာယ် ရှိလာပါပြီ။ ဒါ့အပြင် တချို့ဟာ iCloud အကောင့်ကို အသုံးပြုပြီး အချိန်မှာ Log Out မလုပ်ပဲ Log Move လို့ခေါ်တဲ့ တိုက်ရိုက်ထွက်လာတဲ့ စနစ်မျိုးကို အလွယ်တကူ အသုံးပြုတတ်ကြပါတယ် ။ ဒါတွေကိုလည်း ရှောင်ကြဉ် သင့်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ စနစ်မျိုးတွေနဲ့ အသုံးပြုခဲ့တဲ့ Device တွေဟာ IOS7 ကို ဗားရှင်းမြှင့်တင်ချိန်မှာ ပြသနာဖြစ်လာပါလိမ့်မယ် ။ ဘာကြောင့်လဲဆိုရင်တော့ IOS 7 ကို ဗားရှင်းမြှင့်တင်လိုက်တဲ့အချိန်မှာ Firmware Restore, Firmware Update ပြုလုပ်ပြီး အချိန်မှာ Apple ID လို့ခေါ်တဲ့ iTunes အကောင့် ကို စတောင်းပါတော့တယ်။ အဲဒီလိုမျိုး အကောင့်ကို တောင်းချိန်မှာ ကိုယ်က အကောင့်ကို မသိတာဖြစ်ဖြစ် ၊မမှတ်မိတော့တာ ဖြစ်ဖြစ်ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အကောင့်ကို မဖြည့်နိုင်ဘူးဆိုလျှင်တော့ ဒါဟာ ဖုန်းပျက်ဖို့ အကြောင်းအရင်းစတင်လာပါပြီ။ တချို့တွေဆို ဆိုင်မှာ ဗားရှင်းသွားမြှင့်တာ ဖုန်းကပျက်သွားတယ်ဆိုတဲ့ ထင်မြင်ချက်မျိုးတွေတောင် ဖြစ်လာတာမြင်ဖူးပါတယ်။ ဒါ့ကြောင့် Apple ID ဟာ Apple Device တစ်ခုအတွက် အသက်လို့တောင် ပြောလို့ရနေပါပြီ။ အကောင့်မမှတ်မိတော့ဘူးဆိုလျှင်တော့ Activation Stage ဖြစ်တဲ့နေရာကနေ ဖုန်းက ဆက်ပြီးတော့ OS တက်လာမှာ မဟုတ်တော့ပါဘူး ။ခုလက်ရှိလည်း Actviation Stage ကို ကျော်နိုင်တဲ့ Solution တွေ မရှိသေးတဲ့ အတွက် ဒီလိုမျိုးအကောင့် မသိတော့ဘူး၊ မဖြည့်နိုင်တော့ဘူး ဆိုရင်တော့ ဒီဖုန်းဟာ ရပ်တန့်သွားပါပြီ။ ဒါဟာ ယခုအချိန်မှာ အခက်အခဲ တစ်ခု အခြေအနေမျိုးမဟုတ်ပဲ သတိထားပြီး ဂရုစိုက် ရမည့်အခြေအနေ မျိုးမှာရှိနေပါတယ် ။ ဒါကြောင့် ကိုယ်အသုံးပြုနေတဲ့ Device ရဲ့ Account နဲ့ ID ကို မသိဘူးဆိုရင် တော့ IOS 7 ကို ဗားရှင်းမမြှင့်လိုက်ပါနဲ့ ။ဒါ့အပြင် တခြား ပြင်ပကနေ အသုံးပြုပြီးသား ဖုန်းတွေကို တစ်ဆင့်ပြန်လည်ဝယ်ယူ အသုံးပြုတော့မယ် ဆိုရင်လည်း ဒါတွေကို သေသေချာချာစစ်ဆေးမေးမြန်းပြီးမှပဲ ဝယ်ယူသင့်ပါတယ်။ ကိုယ်က Use ဖုန်းတစ် လုံးကို ဝယ်တော့မယ်ဆိုရင် ပြည်ပကနေ Activate လုပ်လာပြီးသားဖုန်းတစ်လုံးကို မှာယူအသုံးပြုတော့မယ်ဆိုရင်ပဲဖြစ်ဖြစ် အဓိက အရေးကြီးတဲ့အချက်က Icloud, Itunes Account နဲ့ Apple ID ဆိုတဲ့အရာတွေ ဒါမှမဟုတ် itune account ကို ပြုလုပ်ခဲ့တဲ့ Gmail (or) Email နဲ့ Password တွေကို သိထားဖို့လိုအပ်ပါတယ် ။ ဒါ့အပြင် ပုံမှန်အသုံးပြုနေသူ တွေ အနေနဲ့လည်း အကောင့်နဲ့ Password ကို ဂရုစိုက်ပြီး အသုံးပြုသင့်ပါတယ်။ IOS ဟာ ခုအချိန်မှာ 7.1 အထိ ရှိနေခဲ့ပြီဖြစ်တဲ့ အတွက် 7 ရဲ့ အောက်က ဗားရှင်းသမားတွေရော IOS 7 ကနေ စတင်ပြီး ဗားရှင်းမြှင့်မယ် သူတွေပါ ဒါကို ဂရုစိုက်သင့်ပါတယ်။ Use တွေကို ဝယ်တော့မယ်ဆိုလျှင်လည်း အကောင့်တွေကို မေးထားသင့်ပါတယ်။